မင်းကိုလွမ်းနေတာလားချစ်နေတာလား

အိပ်လို့မရတဲ့ညတည
မင်းနာမည်ကိုဂါထာတစ်ပုဒ်လို
ခပ်တိုးတိုးရွတ်ဆိုရင်း
အလွမ်းရဲ့ညတွေကို
အကြိမ်ပေါင်းများစွာ
ဖြတ်ကျော်ခဲ့ဖူးတယ်။
အေးစက်တဲ့ဆောင်းညရဲံ.
ကျီစယ်မှုအောက်မှာ
ခိုဝင်မှေးစက်ရာ
ရင်ခွင်မဲ့သူတယောက်
နှလုံးသားကိုအအေးမိခံပြီး
မင်းအပြန်လမ်းကိုစောင့်နေဆဲပါ။
နှင်းတွေဝေတဲံဒီဆောင်းမှာပဲ
ကိုယ်တို့နှစ်ယောက်
ရင်ခုန်သံချင်းထပ်တူကျအောင်
Remixလုပ်ခဲ့ကြတယ်။
စိုစွတ်တဲ့ဆောင်းလေပြေ
ဖြူစင်တဲ့နှင်းဖတ်လေးတွေ
အချိန်မှန်ပြန်လာတက်ပေမဲ့
ရင်ခွင်ပြောင်းသူမင်းတယောက်တော့
ပျောက်နေဆဲပါကွာ......။

No comments:

Post a Comment