မင်းကိုအရမ်းချစ်လို့ပါ

ငါ့နှလုံးသားတည့်တည့်ကို
ဓါးထက်ထက်နဲ့အဆုံးတိုင်
ထိုင်းသွင်းခဲံပြီးမှ
သိပ်နာသွားသလားတဲ့
မင်းမေးရက်တယ်နော်။
တကယ်ဆိုငါလို
အချစ်ရူးတယောက်အတွက်
မင်းပေးတဲ့ဝေဒနာဆိုတာ
ပေါင်မုန့်ပေါ်ကထောပတ်ခဲလေးတွေပါ။
ဒါပေမဲ့ချစ်သူ...
မင်းကြောင့်သေဆုံးခဲ့တဲ့
မင်းရဲ့ဘေးနားက
ငါ့ရဲံ့ဝိညာဉ်လေးကိုတော့
ကမ္မ၀ါရွတ်ပြီးမနှင်လိုက်ပါနဲ့နော်
မင်းကိုအရမ်းချစ်လို့ပါ။။။။။။။။

No comments:

Post a Comment