မင်းကိုအရမ်းချစ်လို့ပါ

ငါ့နှလုံးသားတည့်တည့်ကို
ဓါးထက်ထက်နဲ့အဆုံးတိုင်
ထိုင်းသွင်းခဲံပြီးမှ
သိပ်နာသွားသလားတဲ့
မင်းမေးရက်တယ်နော်။
တကယ်ဆိုငါလို
အချစ်ရူးတယောက်အတွက်
မင်းပေးတဲ့ဝေဒနာဆိုတာ
ပေါင်မုန့်ပေါ်ကထောပတ်ခဲလေးတွေပါ။
ဒါပေမဲ့ချစ်သူ...
မင်းကြောင့်သေဆုံးခဲ့တဲ့
မင်းရဲ့ဘေးနားက
ငါ့ရဲံ့ဝိညာဉ်လေးကိုတော့
ကမ္မ၀ါရွတ်ပြီးမနှင်လိုက်ပါနဲ့နော်
မင်းကိုအရမ်းချစ်လို့ပါ။။။။။။။။

နှစ်ခါတည်းချစ်ချင်လို့ပါ

ကောင်မလေးရေ...
နှင်းဆီအရိုင်းပင်ကို
အယဉ်ပင်နဲ့ကိုင်းကူးပြီး
ရှင်သန်လို့ရပေမဲံ့
မင်းတယောက်ထဲချစ်ခဲ့တဲ့
ငါနှလုံးသားကိုတော့
ဘယ်အရာနဲ့မှအစားထို့းပြီး
မရှင်သန်ခိုင်းလိုက်ပါနဲံနော်။
မင်းမရှိတဲ့တယောက်ထဲဘ၀မှာ
အထီးကျန်ခြင်းနဲ့ဝေးရာကိုထွက်ခွာသွားဖို့
ခြေညှပ်မဟုတ်တဲ့ကြိးသိုင်းဖိနပ်လေးတွေကို
ကြိုက်တက်လာတယ်။
ဘ၀မှာနှစ်ခါတည်းပဲချစ်ချင်တယ်
မင်းတယောက်ကိုပဲ
ပထမဆုံးနဲံနောက်ဆုံးအချစ်တွေနဲံပေါ့။

Music Widgets

Music Widgets

မင်းကိုလွမ်းနေတာလားချစ်နေတာလား

အိပ်လို့မရတဲ့ညတည
မင်းနာမည်ကိုဂါထာတစ်ပုဒ်လို
ခပ်တိုးတိုးရွတ်ဆိုရင်း
အလွမ်းရဲ့ညတွေကို
အကြိမ်ပေါင်းများစွာ
ဖြတ်ကျော်ခဲ့ဖူးတယ်။
အေးစက်တဲ့ဆောင်းညရဲံ.
ကျီစယ်မှုအောက်မှာ
ခိုဝင်မှေးစက်ရာ
ရင်ခွင်မဲ့သူတယောက်
နှလုံးသားကိုအအေးမိခံပြီး
မင်းအပြန်လမ်းကိုစောင့်နေဆဲပါ။
နှင်းတွေဝေတဲံဒီဆောင်းမှာပဲ
ကိုယ်တို့နှစ်ယောက်
ရင်ခုန်သံချင်းထပ်တူကျအောင်
Remixလုပ်ခဲ့ကြတယ်။
စိုစွတ်တဲ့ဆောင်းလေပြေ
ဖြူစင်တဲ့နှင်းဖတ်လေးတွေ
အချိန်မှန်ပြန်လာတက်ပေမဲ့
ရင်ခွင်ပြောင်းသူမင်းတယောက်တော့
ပျောက်နေဆဲပါကွာ......။