ကျောင်းတက်မနက်
မင်းပါးထက်ဝယ်
ပြုံးရိပ်ပျောက်ကွယ်
ရှောင်ဖယ်ဖယ်နဲ့
ရွှေစိတ်တော်ညှိုး
မှန်းမှာစိုးလို့
ရင်မှာပျာယာ ဟာတာတာနဲ့
လာလမ်းမျှော်ရည်
လွမ်းရပါသည်။
မတော်တဆ မုန်းမာန်ရှသူ
သူစိတ်ပြေအောင်
သူဆောင်ရှေ့ဝယ်
နှုတ်ကမြွတ်ကြား
တောင်းပန်စကားကို
ဆိုဖို့ကြံလည်း
ကြင်သူသည်းက
တမင်ရှောင်လို့
ပုန်းရက်သည်။
ကိုယ့်ထိုက်ကိုယ်ကံ
ကိုယ်သာခံမို့
သူမကြင်လည်း
နာကျင်သည်းနှင့်
ရင်တွင်းမျက်ရည်
ဘောင်ဘင်ဝေအောင်
နေစဉ်ရက်ဆက်
ထပ်ထပ်ကျလည်း
ကျောခိုင်းရက်သူ
သူမသိပြီ။