အိပ်မက်အလွမ်း

ကြယ်တွေကြွေနေတဲ့ကောင်းကင်အောက်
တခြမ်းပဲ့လခြမ်းပဲ့လေးကိုငေးကြည့်ရင်း
ရင်ထဲကတိတ်တခိုးချစ်ရသူလေးကို
ခပ်ဆွေးဆွေးလေးလွမ်းနေမိတယ်။
ဆန္ဒနဲ့ ဘ၀ထပ်တူမကျတက်သူမို့ 
ပိုင်ချင်သော်လည်းပိုင်ခွင့်မရသူ
ဆိုင်ချင်ပါသော်လည်းအနေဝေးသူ
ဒီရင်မှာဝေဒနာတွေသာတိုးလာလျက်ပေါ့။
စောင့်စားရင်းနဲ့ အသားကျနေခဲ့သူမို့ 
မင်းပြန်ချစ်လာမဲ့နေလေးကိုမျှော်ရင်း
နွေးထွေးတဲ့မင်းလက်ကလေးဆုပ်ကိုင်ခွင့်ရဖို့ 
ခရောင်းလမ်းမှာဆူးမကြောက်ခဲ့သူပါ။
လေးနဲ့မြားကိုခုံမင်စွာဆွဲကိုင်တတ်တဲ့
Valentine's Dayအရှင်မြားနတ်မောင်ရယ်းးးး
အိပ်မက်အလွမ်းတွေအသက်ဝင်လာအောင်
သူရင်ဘတ်နှလုံးသားတည့်တည့်ကို
အချစ်မြားနဲ့ ခပ်စူးစူးလေးပစ်ခွင်းလိုက်ပါနော်။