ရင်နင့်စေသူ


ကျောင်းတက်မနက် မင်းပါးထက်ဝယ်
ပြုံးရိပ်ပျောက်ကွယ် ရှောင်ဖယ်ဖယ်နဲ့
ရွှေစိတ်တော်ညှိုး မှန်းမှာစိုးလို့
ရင်မှာပျာယာ ဟာတာတာနဲ့
လာလမ်းမျှော်ရည် လွမ်းရပါသည်။

မတော်တဆ မုန်းမာန်ရှသူ
သူစိတ်ပြေအောင် သူဆောင်ရှေ့ဝယ်
နှုတ်ကမြွတ်ကြား တောင်းပန်စကားကို
ဆိုဖို့ကြံလည်း ကြင်သူသည်းက
တမင်ရှောင်လို့ ပုန်းရက်သည်။

ကိုယ့်ထိုက်ကိုယ်ကံ ကိုယ်သာခံမို့
သူမကြင်လည်း နာကျင်သည်းနှင့်
ရင်တွင်းမျက်ရည် ဘောင်ဘင်ဝေအောင်
နေစဉ်ရက်ဆက် ထပ်ထပ်ကျလည်း
ကျောခိုင်းရက်သူ သူမသိပြီ။

မာန၏နိဂုံး

အလှနဲ့ဓနခေါက်ရိုးကျိုးနေမှာတော့
မာနတွေတံခွန်ထူတက်ပြီပေါ့
မင်းခေါ်ရာနောက်အသပြာမျောပြီး
လိုရာမဖြည့်နိုင်ခဲ့ရတာ
ငါ့ဘက်ကမှားတာပေါ့နော်။
နောက်ပေါက်တဲ့ရွှေကြာအပွင့်ကြီးခဲ့ပြီပေါ့
ငါကလည်းကြာမပွင့်နိင်တဲ့မြင်းခွာပင်မှမဟုတ်တာ
ရျွှေထီးမဆောင်းနိုင်သေးခင်က
လျှောမရှိလို့ နှီးနဲ့တွဲခဲ့တဲ့ဘ၀ကိုမေ့ပစ်နိုင်ခဲ့တာ
နင်တော်ပါတယ်ဟာ။
အမုန်းတွေလွန်မဆွဲချင်ပေမဲ့
အပြုံးတွေမဝေနိုင်မှတော့
ရင်ဘတ်တစ်ခုလုံးကြေမွသွားအောင်
တူနဲ့ရိုက်ခွဲပစ်လိုက်မိတာ
နင်ပျော်မှာပါ။
အရူးမို့ ခွေးဝိုင်းတာဂုဏ်ယူမနေနဲ့ 
နှမ်းတစ်ထောက်စာအပေါ်ယံအလှနဲ့ 
သုညတွေကိုကြီးကျယ်စေတွေက
မင်းဘ၀ရဲ့ နောက်ဆုံးမှာတော့
Empty-handedပဲ။
ကိုက်လမ်းကြောင့်အသက်ပေးရတဲ့ယုန်
အော်သံကြောင့်ဟင်းစားဖြစ်ရတဲ့ဖား
အလှကြောင့်မာနတက်သူတို့ ရဲ့ နိဂုံးကတော့
Welcome toလို့ စားတမ်းမရှိခဲ့တဲ့
သင်္ချိုင်းပဲ။


မိုးမျှော်ဖားရဲ့ ရင်ကွဲသံ

ချစ်သူကမိုးဆိုကိုယ်ကဖား
ကြာဖတ်ပေါ်မှာကားယား
အုံးအွမ်အော်ပြီးမိုးကိုမျှော်
ရွာရန်နှုန်းသုံးဆယ်ကျော်
မိုးရွာသောနေ့တူအော်ဟစ်
တို့ရဲ့ ဘ၀စစ်
ပျော်ရွှင်လို့မှမ၀သေးပေ
ယောက္ခမရေမြွေကိုက်လို့သေ
နောင်တရတဲ့ဖားဘဝ
မိုးကိုချစ်လည်းမြွေကြောက်ရ
ကံနည်းလှတဲ့ငါ့ဘဝ
ကယ်တော်မူပါဗျ။

မင်းအတွက်ဆို


မင်းတွက်ဆို
မြင့်မိုရ်တောင်ကိုမဖြိုနိုင်ပေမဲ့
ကြက်ဥတစ်လုံးတော့ခွဲနိုင်ပါတယ်။
မင်းယူမယ်ဆို
ဓူဝံကြာ်ကိုမခူးခြွေနုင်ပေမဲ့
စတော်ဘယ်ရီသီးတော့ခူးပေးချင်တယ်။
မင်းသာခေါ်ရင်
ပင်လယ်ပြင်ကိုလက်ပစ်မကူးနိုင်ပေမဲ့
ဧရာဝတီမြစ်ကိုတော့လှေနဲ့ ကူးပြပါ့မယ်။
ကတိသစ္စာတည်သောအခါ
နွယ်မြက်သစ်ပင်ဆေးဖတ်ဝင်သတဲ့
မှန်သောစကားဆိုပါသောကြောင့်
သူလေးကျွန်တော်ကိုပြန်ချစ်နိုင်ပါစေ။