ရင်နင့်စေသူ


ကျောင်းတက်မနက် မင်းပါးထက်ဝယ်
ပြုံးရိပ်ပျောက်ကွယ် ရှောင်ဖယ်ဖယ်နဲ့
ရွှေစိတ်တော်ညှိုး မှန်းမှာစိုးလို့
ရင်မှာပျာယာ ဟာတာတာနဲ့
လာလမ်းမျှော်ရည် လွမ်းရပါသည်။

မတော်တဆ မုန်းမာန်ရှသူ
သူစိတ်ပြေအောင် သူဆောင်ရှေ့ဝယ်
နှုတ်ကမြွတ်ကြား တောင်းပန်စကားကို
ဆိုဖို့ကြံလည်း ကြင်သူသည်းက
တမင်ရှောင်လို့ ပုန်းရက်သည်။

ကိုယ့်ထိုက်ကိုယ်ကံ ကိုယ်သာခံမို့
သူမကြင်လည်း နာကျင်သည်းနှင့်
ရင်တွင်းမျက်ရည် ဘောင်ဘင်ဝေအောင်
နေစဉ်ရက်ဆက် ထပ်ထပ်ကျလည်း
ကျောခိုင်းရက်သူ သူမသိပြီ။

1 comment:

  1. ကဗျာလေးက ကောင်းတယ်...

    ReplyDelete